ပေါက် - ဖေဖေါ်ဝါရီ - ၎
ပေါက်မြို့နယ်၊ သမားတော်ကျေးရွာအုပ်စု၊ ရေပြာကျေးရွာ ၊ လျှပ်စစ်မြစ်ရေတင် စိုက်ဧက (၁၇၀)
ဧရိယာအတွင်း သိပ္ပံ နည်းကျ GAP စနစ်ဖြင့် နွေစပါး ပုလဲသွယ် စပ်မျိုးစပါး စုပေါင်း ပျိုးထောင်ခြင်းကို
ဖေဖေါ်ဝါရီ (၁)ရက် နေ့၊နံနက်(၈)နာရီက ကွင်းအမှတ်၁၅၅၂ တောင်သူ ဦးဖြူဥ စိုက်ခင်းအတွင်း၌
ကျင်းပခဲ့ကြောင်းသိရသည်။
၎င်း GAP စနစ်မျိုးစေ့ချပျိုးထောင်ပွဲသို့ မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စိုက်
ပျိုးရေးဦးစီးမှူး ဦးခင်မောင်ဆွေ နှင့်ဝန်ထမ်းများ၊ ဒေသခံတောင်သူများ၊ တက်ရောက်ကြပြီး၊ စိုက်ပျိုးရေး
ဝန်ထမ်းများနှင့်တောင်သူများ၊ က GAP စနစ်ဖြင့်စပါးမျိုးစေ့ချပျိုးထောင်ခြင်းကိုလက်တွေ့သရုပ်ပြသ
ကြရာတက်ရောက်လာကြသူများက ကြည့်ရူလေ့လာကြသည်။
စုပေါင်းမျိုးစေ့ချပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ဆွေ က စပါးတစ်ဧကအထွက်နုန်း
တိုးတက်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် သိပ္ပံနည်းကျ စိုက်နည်းစနစ်(၁၄)ချက်နှင့်အညီ စိုက်ပျိုး
ရေးပညာပေးဆွေးနွေးခြင်း၊အထွက်နုန်းမိတ်ဖက်ဆိုင်ရာများနှင့်အားနည်းချက်အားသာချက်များကို
ဒေသခံတောင်သူများနှင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။ဥာဏ်တိုး(ပေါက်)
Friday, February 6, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment