ရေနံချောင်း ဖေဖော်ရီ ၎
ဘာမင်နီယာ စက်မှု/လက်မှု လုပ်ငန်းရှင်(ဘဘဦးလှအောင်) +ဒေါ်ဒေါ်ချော သားသမီးမြေးမြစ် မိသားစု၏ ဒေါ်ဒေါ်ချော(၈၇)နှစ်ပြည့် မွေးနေ့အလှူတော်နှင့်မုဒိတာလက်များအဖွဲ့၏ တတိယအကြိမ် ငွေပင် ငွေရင်း(၁၀)သိန်းကျပ်နှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်းပွဲကိုရေနံချောင်းမြို့နယ်
အတွင်းရှိ ခိုကိုးရာမဲ့အဘိုး (၃၃)ဦး နှင့် အဘွား(၇၅)ဦး စုစုပေါင်း ၁၀၈ဦးအား၂၀၁၅ခုဖေဖော်ရီ ၄ရက်နေ့တွင် မုဒိတာလက်များ ခန်:မတွင် ကျင်းပ ကြောင်:သိရသည်။
၎င်းအခမ်းအနားတွင် သံဃာတော်အရှင်သူမြတ်အား ဆွမ်း/လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပြီး ရေနံချောင်းမြို့မြို့မိမြို့ဖများမှတတိယအကြိမ်လှူဒါန်းသော ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ အခန်းအနားအပြီးတွင် ဦးခင်မောင်ဝင်း+ဒေါ်ဝင်းဝင်းနွယ် မိသားစု၊ ကိုဟန်ဇော်လင်း + မနွယ်နီဝင်း မိသားစုနှင့် ဦးအေးမင်း+ဒေါ်နွယ်နီဇော်တို့မှ တက်ရောက်လာသော အဘိုးအဘွာများနှင့် မတက် ရောက်နိုင်သော အဘိုးအဘွာများအား ကိုယ်ပိုင်ယာဉ်များဖြင့်ဦးဘာဘူလေး(မုဒိတာလက်များ)အဖွဲ့မှ အိမ်တိုင် ယာရောက် လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။
သိန်းဇော်
Friday, February 6, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment