အဆိုပါရန်ပုံငွေကို အရင်းမပျောက် မ, တည်ငွေအဖြစ် ဆောင်ရွက်သွားးမည်ဖြစ်ကြောင်းနှင့် ကျေးရွာ ရှိ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လိုသူ ၈၆ ဦးအတွက် ငွေကျပ် ၁၂၃ သိန်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်လို သူ ၅၆ ဦးအတွက် ၁၂၅ သိန်း၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်း ဆောင်ရွက်လိုသူ ၁၄ ဦးအတွက်ငွေကျပ် ၂၀ သိန်း၊ ပရိဘောဂလုပ်ငန်းဆောင်ရွက်လိုသူ ၆ ဦးအတွက်ငွေကျပ် ၁၄ သိန်း၊ အရောင်းအဝယ်လုပ်ငန်း ဆောင် ရွက်လိုသူ ၉ ဦးအတွက်ငွေကျပ် ၁၈ သိန်းတို့ကို ထုတ်ချေးပေးသွားမည်ဟု သိရသည်။
“ မြစိမ်းရောင်ကျေးရွာစီမံကိန်းက ကျွန်တော်တို့လိုအပ်နေတဲ့ချေးငွေကို အတိုးနှုန်းသက်သက်သာသာ နဲ့ထုတ်ချေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မိမိလုပ်ငန်းအတွက် များစွာအထောက်အကူဖြစ်စေပါတယ် ” ဟု ကျေးရွာသားတစ်ဦးကပြောသည်။
မြောက်ခင်ရန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ကျေးရွာကော်မတီဝင် ၇ ဦးတို့အား ငွေစာရင်းထိန်းသိမ်းမှုသင်တန်းကို ပြီးခဲ့သည့် ရက်သတ္တပတ်က ဖွင့်လှစ်ပို့ချ ဆွေးနွေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်လွင်၏ ပြောပြချက်အရ သိရသည်။
0 comments:
Post a Comment