Thursday, February 19, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်၊ တပြင်းကျေးရွာဇာတိ အလယ်တန်းပြဆရာမဖြစ်သူ မခင်ဝင်းယု(၂၇) နှစ် သည် ဆောမြို့နယ်၊ ကျွန်းတောကျေးရွာ ကျောင်းဝန်းအတွင်းရှိနေအိမ်တွင် အဝတ်အစားများအား ကြွတ်ကြွတ်အိတ်ဖြင့် ထုပ်ပိုးထားရှိပြီး နေအိမ်တံခါးစေ့ကာ ကျောင်းတွင်ဖွင့်လှစ်နေသည့် စာဖတ်ဝိုင်း သို့ သွားရောက်၍ ည ၉ နာရီအချိန် ကျောင်းမှပြန်လာရာ နေအိမ်လှေကားရင်းတွင် အတူနေသူဆရာမ မမိုးစန္ဒာဝင်း၏ အဝတ်အစားများပြန့်ကျဲနေသည်ကို တွေ့ရှိရသည့်အပြင် စေ့ထားသောတံခါးမှာ ပွင့်နေ၍ ကျောင်းလုပ်သား ဦးသန်းအောင်အားခေါ်ယူပြီး အိမ်အပေါ်တက်ကြည့်ရာ ဘာဒီကော်ဖီမစ် အထုပ်ကြီး (၁)ထုပ် တန်ဖိုး ၂၈ဝဝိ/-၊ ချုပ်စက်အသေး(၁)ခု တန်ဖိုး ၈ဝဝိ/-၊ ပင်အပ်(၁)ဗူး တန်ဖိုး ၂ဝဝိ/-၊ အကိုက်အခဲ ပျောက်ဆေးတန်ဖိုး ၂၈ဝဝိ/-၊ ကိတ်မုန့် (၄)ခု တန်ဖိုး ၂ဝဝိ/-စုစုပေါင်းတန်ဖိုး ၆၈ဝဝိ/-တို့မှာပျောက်ဆုံးနေကြောင်း သိရှိရသည်။

 ကျောင်းဝန်းအတွင်းရှိနေအိမ်မှ ပစ္စည်းများ ခိုးယူသူအား စုံစမ်းရာ ဆောမြို့နယ်၊ ကျွန်းတောကျေးရွာ နေ မျိုးဌေးကို(ခ)ပုလုံး၊ ၁၆နှစ်မှ ခိုးယူကြောင်း စုံစမ်းသိရှိရသဖြင့် မျိုးဌေးကို(ခ) ပုလုံးအား အရေးယူ ပေးပါရန် ၁၈.၂.၂ဝ၁၅ ရက်နေ့တွင် မခင်ဝင်းယုမှ တရားလိုပြုလုပ်တိုင်တန်း၍ ဆောမြို့နယ် ၊ လောင်းရှည် နယ်မြေ ရဲစခန်း(ပ)၃/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video