Tuesday, February 17, 2015

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၁၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုတော် မူကြသော စာဖြေသံဃာတော် (၁၅၃)ပါးအနက် စာအောင်သံဃာတော် (၂၁)ပါးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်နှင့်အညီ ဘွဲ့တံဆိပ်အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ဖေဖေါ်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီက ဒီပင်္ကရာပရိယတ္တိသာသနာ့ဗိမာန်အပေါ်ထပ် ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နတ်မောက်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ဘုရားကြီးမှ တက်ရောက်လာကြသည့် သဒ္ဒါကြည်လင်စေတနာရှင် ဗုဒ္ဓဘာသာဝင်များကို ငါးပါးသီလပေးသနားတော်မူ၍ သြဝါဒကထာ ချီးမြှင့်ပေးသနားတော်မူပြီး နတ်မောက်မြို့နယ် အုပ်ချုပ်ရေးမှူးမှ သာသနာရေးဆိုင်ရာ လျှောက်ထားလွှာဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပသကာအဖွဲ့ ဥက္ကဌမှရငွေသုံးငွေစာရင်းများ ရှင်းလင်း ဖတ်ကြားခဲ့ပြီး ဆက်လက်၍ ပါဠိပထမပြန် စာမေးပွဲတွင်အောင်မြင်စွာဖြေဆိုတော်မူကြသော သံဃာတော် ပထမကြီးတစ်ပါး ပထမလတ် ၁၃ ပါးနှင့် ပထမငယ် ၇ ပါးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကသံဃာတော်အရှင်သူမြတ်အပေါင်းတို့အား အောင်လက်မှတ်
 နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့၍ မြို့မိမြို့ဖများနှင့် ရပ်မိရပ်ဖစေတနာရှင် ကောင်းမှုရှင်တို့မှ လှူဒါန်းထား သော ဒါနဝတ္ထုအစုစုတို့အတွက် အကျိုးတ၇ားများကို နာကြားပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video