မြို့သစ်မြို့နယ် မြို့မဈေးကြီးအတွင်း အများပြည်သူစိတ်အေးချမ်းသာစွာရောင်းဝယ်နိုင်စေရန် အတွက်မြို့ နယ် မီးဘေးကြိုတင်ကာကွယ်တားဆီးရေးကော်မတီဥက္ကဌဦးဗိုလ်အောင်မောင်မောင်နှင့်မြို့နယ် မီးသတ် ဦးစီးဌာန ဦးစီးမှုး ဦးသောင်းတင်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်ဦး မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနဦးစီးအရာရှိဦးမင်းနိုင်နှင့်အဖွဲ့များ သည်မြို့မဈေးကြီးအတွင်းမီးဘေးကြိုတင်ကာကွယ် တားဆီးရေးအတွက်ထိတ်လန့်မှုများမဖြစ်ပွါးစေရန်အတွက်ဖေဖော်ဝါရီ ၂၀ ရက်နေ့က လိုက်လံစစ်ဆေး မှုများပြုလုပ်ခဲ့သည်။
ထို့နောက်မီးလောင်မှု ထိတ်လန့်မှုမဖြစ်ပွားစေရန်အတွက် မီးသတိဦးစီးဌာနဦးစီးမှုး ဦးသောင်းတင်နှင့်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှုးဦးမောင်မောင်ဦးတို့ ကဈေးဆိုင်ခန်းများ အတွင်းသွယ်တန်းထားသောလျှပ်စစ်ဝါယာကြိုးများနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ မီးသတ်ရေလှောင်ကန်များအားလိုက်လံစစ်ဆေးခဲ့သည်။
ဆက်လက်၍မြို့နယ်မီးဘေးကြိုတင်ကာကွယ်တားဆီးရေးကော်မတီဥက္ကဌမြို့နယ်အုပ်ချုပ်ရေးမှုးနှင့်မြို့နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့များကြည့်ရှု့စစ်ဆေးခဲ့ပြီးလိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး
ခဲ့ကြောင်းသိရသည်။
0 comments:
Post a Comment