မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် အတွင်း (၂၀၁၄-၂၀၁၅)ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် တင်ဒါစနစ်ဖြင့် Lwin News Generation ကုမ္မဏီမှ တာဝန်ယူဆောင်ရွက် လျက်ရှိသော ပြလို့-ပြကြီး၊အင်းရွာကြီး မြေသားလမ်း အဆင့်မြှင့်တင်ခြင်း (၄)မိုင်အား ဆောင်ရွက်နေမှု့နှင့် ကျောက်ချောလမ်း(၁)မိုင် ခင်းခြင်း၊သံကူကွန်ကရစ် တံတား(၁)စင်း ၊Box Culvert (၆)ခု ဆောင်ရွက်နေမှု့ အခြေအနေများကို ယနေ့ နေ့လည် (၁)နာရီက မြို့နယ်စီမံခန့်ခွဲမှု့ကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်၊မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အ ထောက်အကူပြု ကော်မတီ ဥက္ကဌ ဦး ကံထွန်း၊မြို့နယ် စီပင်သာယာရေး ကြီးကြပ်မှု့ ကော်မတီဥက္ကဌ ဦးသန်းဝင်း ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥိးစီးဌာန မြို့နယ်ဦးစီးမှူး(လက်ထောက်ညွှန်ကြားရေးမှူး)ဦးတိုးကြည် စည်ပင်သာယာရေး အဖွဲ့ လက်ထောက် အင်ဂျင်နီယာနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အင်ဂျင်နီယာတို့မှ သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေမှု့အား လိုက်လန်ကြည့်ရှု့စစ်ဆေးပြီး (၂၀၁၄-၂၀၁၅)ဘဏ္ဍာရေးနှစ် အတွင်း သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။
0 comments:
Post a Comment