Wednesday, February 11, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ (၆း၄၅) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်၊ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တရော်ကုန်းရပ်ကွက်၊ အလယ် လမ်း တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သက်သေများနှင့်အတူ သွားရောက်ခဲ့ပြီး ၀ိုင်းဝန်း မီးငြိမ်း သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ အောင်လံမြို့နယ်၊ တရော်ကုန်းရပ်ကွက်၊ အလယ်လမ်းရှိ ဝါကြိတ်စက်လုပ်ငန်းပိုင်ရှင်ဖြစ်သူ ကိုကိုအောင်(၃၄)နှစ်၏ အိမ်အနောက်ဘက်တွဲလျှက် ''မာန်'' ဝါကြိတ်စက်ရုံဂိုဒေါင်အတွင်းရှိ အစိုဓါတ် ရှိသောဝါနှင့် အပူဓါတ်ရှိသောဝါတို့ထိတွေ့ကာ ဖိအားကြောင့် အပူရှိန်မြင့်တက်ကာ မီးစတင် လောင် ကျွမ်းပြီး ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ် ၆ စီး နှင့် ရပ်ကွက်နေ ပြည်သူများမှ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ၁၈၅ဝ အချိန် မီးလုံးဝငြိမ်းသွားပြီး မီးလောင်မှုကြောင့် လူ/တိရိစ္ဆာန် ထိခိုက်မှု မရှိဘဲ ဝါ(၁၃) ပိဿာ၊ တန်ဖိုး ၁ဝ၄ဝဝိ/-ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရှိရသည်။

ဂိုဒေါင်အား စစ်ဆေးမှုမရှိ၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ပေါ့ဆသူ ကိုကိုအောင်အား အောင်လံမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၈/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိ ကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video