၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ သရက်မြို့နယ်၊ သရက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇော်မင်းအောင်နှင့် အဖွဲ့ သည် သက်သေများနှင့်အတူ သရက်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၈/၂ဝ၁၅) ဖြင့် သရက်မြို့နယ်၊ ကြာကန်အုပ်စု၊ လင်းချောင်းကျေးရွာနေ စံထွေး(၃၈)နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေ ခဲ့ကြောင်း သတင်းရရှိပါသည်။
ကြာကန်အုပ်စု၊ လင်းချောင်းကျေးရွာနေ စံထွေး(၃၈)နှစ်၏ မြေစိုက်နေအိမ်အတွင်းရှိ ဗီဒိုပေါ်တွင် Calcium တံဆိပ်ပါ (အစိမ်းရောင်) ပလပ်စတစ်အိတ်ဖြင့်ထည့်ထားလျှက် နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့်လောင်းကြေးငွေ ၂၄၃ဝဝိ/-တို့အား တွေ့ရှိ သိမ်းဆည်းရမိသဖြင့် တရားမဝင်နှစ်လုံးထီ၊ သုံးလုံးထီလောင်းကစားပြုလုပ်သူ စံထွေးအား သရက် မြို့နယ်၊ မြို့မရဲစခန်း (ပ)၁၉/၂ဝ၁၅၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။


0 comments:
Post a Comment