Friday, February 13, 2015

ကျောက်ထု ဖေဖော်ဝါရီ ၁၁
    ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်စာစောင်ကို ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ ပြသထားသည်။
    အဆိုပါ နံရံကပ်စာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ မှတ်တမ်း ဓာတ်ပုံများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များကို ဝေဝေဆာဆာ ဖော်ပြထားရာ ကျောက်ထုမြို့အုပ်ချုပ်ရေးမှူး ဦးသူရိန်အောင်နှင့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်း သူများ ၊ ပြည်သူများတို့ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video