Tuesday, February 24, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ၁၁း၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် လောင်းကစား ကျော်ဇောသတင်းရရှိသူကို အရေးယူထားရှိကြောင်း သတင်း ရရှိပါသည်။
ရေစကြိုမြို့မရဲစခန်းနယ်မြေအတွင်း လောင်းကစားမှုများ မကြာခဏပြု လုပ်လေ့ ရှိကြောင်း၊ လောင်းကစား မှုဖြင့် အသက်မွေးဝမ်းပြုလုပ်နေကြောင်း ကျော်ဇောသတင်းရှိသူ ရေစကြိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ငါးရာပြည့်ရပ်နေ အောင်နိုင် (၄၆)နှစ်အား ပြင်ပတွင်လွတ်လပ်စွာထားရှိပါက ရပ်ရွာအေးချမ်းသာ ယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြား စေနိုင်သဖြင့် ရေစကြို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ၁၉.၂.၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃/၂၃-၅/ဦး ၁ ဖြင့် အကြောင်းကြားချက် အရ ရေစကြိုမြို့မရဲစခန်း (ပ)၂၄/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၂၁/ကျင့် ၁၁၀ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရပါသည်။
 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video