Monday, February 23, 2015

ယနေ့မြို့သစ်မြို့သည်မကွေးတိုင်းဒေသကြီး မကွေးခရိုင်အတွင်းတည်ရှိနေသော မြို့ဖြစ်သည့် အားလျော်စွာတောင်တွင်းကြီး နတ်မောက်မြို့အကြား တစ်နည်းတောင်တွင်း-မြို့သစ်-နတ်မောက်မြို့တို့သည်တောင်မြောက်စဉ်တန်းလျှက်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ ယခင်ကတောင်တွင်း မြို့သစ် နတ်မောက် လမ်းသည်လမ်းကြမ်းကြီးသာရှိခဲ့ရာမှယခုအခါမမျော်လင့်မယုံကြည်လောက်အောင်
ကောင်းမွန်သောကတ္တရာလမ်းမကြီးအဖြစ်မျက်ဝါးထင်ထင် မျက်မြင်ကိုယ်တွေ့ ပြည်သူအပေါင်း အကျိုးခံစားနေရပါသည်။တဖန်မကွေး ကံပြား မြို့သစ် နေပြည်တော်ကားလမ်းမကြီးတနည်း အမြန်လမ်းမကြီးကလည်း မြို့သစ်မြို့၏ဒေသခံပြည်သူများအတွက် လက်တွေ့အကောင်အထည် ဖော်ဆောင်ကာခံစားနေရပါသည်။

ထိုထက်ပို၍အကျိုးခံစားရသောမေ့ပျောက်ထား၍ မရသောကျေးဇူးမှာဆည်မြောင်းတာတံမံများ ပင်ဖြစ်ပါသည်။ ဆည်ရေလှောင်တံမံများတည်ရှိရာမြေအနေ အထားအရ မြို့သစ်မြို့နယ်တွင်ဆဒ္ဒန်ဆည် စွန်ဆည် ပုလင်းဆည်ဟုဆည်ကြီးသုံးခုဖြစ်သော်လည်းအကျိုးခံစားမှုအရ ဆိုပါမူဆည်ကြီး(၄)ခုဟုဆိုနိုင်ပါ သည်။ ဤသည်မှာနတ်မောက်မြို့နယ်မှနတ်မောက် ဆည်ရေရေလှောင်တံမံဖြစ်ပါသည်။နတ်မောက်ဆည်ရေလှောင်တံမံသည် နေရာအရနတ်မောက်မြို့နယ်မှ ကျေးရွာအုပ်စု အနည်းငယ်သာ အကျိုးခံစားရပြီးမြို့သစ်မြို့နယ်မှသာလုံးလုံးလျားလျားအကျိုးခံစားခွင့်ရခြင်းသည်ပင် ကျေးဇူးတင်စရာ အလွန်ကောင်းလှပါသည်။

ယခုဆိုလျင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါမှုလျှော့ချစေရန်အတွက်မြို့နယ်မှ ဦးဆောင်ဦးရွက်ထမ်းဆောင်ပေးနေသော မြို့နယ်အုပ်ချုပ်ရေးမှုး ဦးဗိုလ်အောင်မောင်မောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သူအစရှိသောဖွံ့ဖြိုးရေးအထောက်အကူပြုအဖွဲ့များပူပေါင်းဆောင်ရွက်မှုများကြောင့်မြို့သစ်မြို့နယ်ကျေးရွာများမကျန်စေရအောင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း
များကို နေ့စဉ် နေ့တိုင်း လုပ်ငန်းအရည်အသွေးစစ်ဆေးရေးအဖွဲ့များက သွားရောက်ကြည့်ရှု့စစ်ဆေးခြင်း လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေပါကြောင်း။သို့ပါသောကြောင့် နိုင်ငံတော်၏စေတနာကို အရင်းခံ၍ ကျေးဇူးတရားများတုန့်ပြန်သောအားဖြင့်မြို့သစ်မြို့နယ်အတွင်းနေထိုင်ကြသောပြည်သူအပေါင်းနှင့်
တောင်သူဦးကြီးများစိတိချမ်းသာစွာဖြင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းများကိုထိန်းသိမ်းစောင့်ရှောက်ကာလုပ်ကိုင်ဆောင်ရွက်သွားကြပါရန်ဖော်ကျုးရေးသားအပ်ပါသည်။
ဇော်ဇော် မြို့သစ်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video