ဂန့်ဂေါ ဖေဖော်ဝါရီ ၁၂
(၆၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင် မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အားကစားကွင်း၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ဖတ်ကြားသည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလှဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နီလာမြင့်နှင့်အဖွဲ့ ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မိုးမိုးလှိုင်နှင့် အသင်းဝင်များ ၊ နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူများ အင်အား ၁၈၀၀ ကျော်တို့ တက်ရောက် ကြသည်။
Friday, February 13, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment