မင်းဘူး ဖေဖော်ဝါရီ (၉) ရက်
ဖေဖော်ဝါရီ (၁၂) ရက်တွင်ကျရောက်မည့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နှင့် ဖေဖော်ဝါရီ(၁၃) ရက်တွင်ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှစ်(၁၀၀) ပြည့်အတွက် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပခြင်းကို မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ဖေဖော်ဝါရီ(၉) ရက် နံနက်(၉း၃၀)နာရီက ကျင်းပခဲ့ရာ ဖေဖေါ်ဝါရီ(၁၃)ရက်နေ့အထိပြသသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြပွဲတွင် မင်းဘူးခရိုင် ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်ဌေးက ဗိုလ်ချုပ်အောင်ဆန်၏ အတ္ထုပ္ပတ္တိနှင့် လွတ်လပ်ရေးရှိရန် စွမ်းစွမ်းတမံကြိုးပမ်းခဲ့ပုံများကို အကျယ်တဝင့် ဆွေးနွေးဟောပြောသည်။ ထို့နောက် မင်းဘူးမြို့ အထက(၁)မှ ကျောင်းသား၊ကျောင်းသူ (၂၂၆)ဦးတို့က နံရံကပ်စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရ ဓါတ်ပုံမှတ်တမ်းများနှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment