Tuesday, February 10, 2015

နတ်မောက်               ဖေဖေါ်ဝါရီ       ၁၀
နတ်မောက်မြို့၌ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်မွေးနေ့ပွဲ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကြည့်ရှူလေ့လာသူများ စည်ကားလျှက်ရှိကြောင်းတွေ့ရ သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့်မွေးနေ့ပွဲတော်သို့ နံနက် ၇ နာရီမှ ၉ နာရီတွင် ပဲပြုတ်နဲ့နံပြားစတုဒီသာ ကျွေးမွေးခြင်း၊ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဒေါ်မမနိုင်၏ ရုပ်သေးသဘင်နှင့် မွန်းလွဲပိုင်း ၃ နာရီမှ ၆ နာရီထိပြသခြင်း၊ မွန်းလွဲ ၁ နာရီခွဲမှ ၃ နာရီအထိ ဗိုလ်ချုပ်ဇာတ်ကြောင်း သမိုင်းစာတမ်းဖတ်ပွဲနှင့် ညပိုင်း ၆ နာရီခွဲမှ ၁၀ နာရီအထိ ဗိုလ်ချုပ်အမှတ်တရ စာပေဟောပြောပွဲနှင့် ညပိုင်း ၁၀ နာရီခွဲမှ မိုးအလင်း ဖိုးချစ်ဇာတ်သဘင်အဖွဲ့ ဖျော်ဖြေသွားမည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ဧည့်သည်တော်များ ညအိပ် ညနေ လာရောက်ကြည့်ရှူ၍ နံနက်ပိုင်းတွင် ရုပ်သေးရုပ် ဖျော်ဖြေခြင်းကို ကြည့်ရှူနေကြောင်းတွေ့ရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video