ယခုနှစ်ဆည်မြောင်းရေပေးဝေနိုင်မှုအရ နတ်မောက်မြို့နယ်အနေဖြင့် ကျောက်တံခါးတမံမှ နွေစပါး(၁၅၀)ဧက ကိုသာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း နွေစပါးမစိုက်ပျိုးနိုင်သည့် စိုက်ခင်းများတွင် အစိုဓါတ်ဖြင့် ကုလားပဲနှင့် နေကြာသီးညှပ် စိုက်ပျိုးခြင်း၊ ရေစုပ်စက်ရေတင်ပေးနိုင်သည့် စိုက်ခင်းများတွင် အကျိုးအမြတ်သေချာသည့် ဖူးစားပြောင်းစိုက်ခင်းများ ပိုမိုစိုက်ပျိုးလာကြကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထံမှသိရှိရသည်။ ကုလားပဲသီးနှံသည် ရေအနည်းလိုသည့် နွေသီးနှံ အဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြရသော်လည်း လက်ရှိဈေးနှုန်းအရ အမြတ်အစွန်းမသေချာနိုင်ကြောင်း ပေါက်ကံကျေးရွာ တောင်သူကြီးတစ်ဦးထံမှအသေးစိတ်သိရှိရသည်။
ဥမ္မာခင်
0 comments:
Post a Comment