ကျောက်ထု ဇန်နဝါရီ ၉
ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဓမ္မဗိမာန်ကျောင်းတိုက်တွင် ဇန်နဝါရီ ၇ ရက်က ဘုရားအနေကဇာတင်လှူ ပူဇော်ပွဲကျင်းပ၍ သီလခံယူဆောက်တည်ခြင်း၊ တရားတော်များနာကြားခြင်း၊ ရေစက်သွန်းချအမျှပေးဝေခြင်း တို့အပြင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အနေကဇာတင်လှူသည့် ရုပ်ပွါးဆင်းထုတော် ၂ ဆူမှာ ဥာဏ်တော်အမြင့် ၆ ပေစီရှိ၍ ကျောက်ထုမြို့ အမှတ်(၁)ရပ်ကွက်နေ ဦးလောကီးနှင့်ဇနီး ဒေါ်သိန်းမေမိသားစုနှင့် ကျောက်ထုမြို့ အမှတ် (၆)ရပ်ကွက်နေ ဒေါ်စောကြည် မိသားစုတို့က လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
Saturday, January 10, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment