အောင်လံ ဇန်နဝါရီ ၎
သရက်ခရိုင် အောင်လံမြို့၌ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော(၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သ၀ဏ်လွှာ ဖတ်ပွဲ စာစီစာကုံးဆုရ ကျောင်းသား/သူများဆုပေးပွဲ၊ အားကစားပြိုင်ပွဲ ဆုရရှိသူများအား ဆုပေးပွဲ အခမ်းအနားကို အောင်လံမြို့ အားကစားကွင်၌ ဇန်နဝါရီလ(၄)ရက်နံနက်(၇း၀၀)နာရီက ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းလွင်
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်ဆွေ ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ(N G O )အဖွဲ့ဝင်များ မြို့ပေါ်ကျောင်းအုပ်ဆရာ/ဆရာမကြီးနှင့် ကျောင်းသား/သူများ ၊မြို့ပေါ် ရှိ နိုင်ငံရေးပါတီဝင်များနှင့် ပြည်သူလူထုတို့အင်အား(၅၄၀)ဦးခန့် စည်ကားသိုက်မြိုက်စွာတက်ရောက်ကြသည်။
ရှေးဦးစွာတက်ရောက်လာကြသူများမှ နိုင်ငံတော်အလံအားအလေးပြုခြင်းဆောင်ရွက်ပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲဘော်အပေါင်းအား အလေးပြုခြင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ပေးပို့သော (၆၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သ၀ဏ်လွှာအားဖတ်ကြားပြီး (၆၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ပထမ၊ဒုတိယ၊တတိယနှင့် စက်ဘီးစီးအားကစားပြိုင်ပွဲများတွင် ပထမ ဒုတိယ၊တတိယ ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
Monday, January 5, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment