Monday, January 5, 2015

နတ်မောက်      ဇန်နဝါရီ               ၅
    နတ်မောက်မြို့နယ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကြီးမှူးကျင်းပ၍ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းအသိပညာပေးပွဲကို ဇန်နယါရီ ၅ ရက်နံနက်(၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန မှူးရုံးတွင် ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြား ပြီး မြို့နယ်ဆရာဝန်ကြီးမှ ရှင်းလင်းဆွေးနွေးရာတွင် “ဝက်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးနှံပေး ခြင်းလုပ်ငန်းကို အစီအစဉ်နှစ်ခုဖြင့် တစ်လခန့်ခြားလျှက် ဆောင်ရွက်မည်ဖြစ်ပြီး ပထမအစီအစဉ်တွင် အစိုးရ ကျောင်းများ၊ကိုယ်ပိုင်ကျောင်းများ ၊ မူလတန်း၊အလယ်တန်း၊အထက်တန်းများမှ ကျောင်းသားကျောင်းသူများကို အဆိုပါကျောင်းများတွင် ဇန်နဝါရီ ၁၉ မှ ၂၇ ရက်နေ့တို့တွင် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ပြီး ဒုတိယအစီအစဉ် တွင် လူထုအတွင်းရှိ (၉)လမှ (၅)နှစ်အတွင်းကလေးငယ်များ၊ အသက် (၅)နှစ်မှ (၁၅)နှစ်အတွင်း ကျောင်းမနေသော ကလေးများနှင့် ကျောင်းအခြေပြုကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးမထိုးလိုက် ရဘဲ ကျန်ခဲ့သောကလေးများ အားလုံးကို ဖေဖေါ်ဝါရီ ၁၉ ရက်မှ ၂၈ ရက်အထိ အစုလိုက်ကာကွယ်ဆေးထိုးပေး မည်ဖြစ်ကြောင်း” ပြောကြားသည်။
    နတ်မောက်မြို့နယ်တွင် ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို (၅၈၉၇၀)ဦး ထိုးနှံပေးသွားမည် ဖြစ်ပြီး ကျောင်းသား ကျောင်းသူ (၃၃၇၉၀) ဦးရှိပါကြောင်းသိရသည်။အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေး မှူး၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြု ကော်မတီများအားလုံး တက်ရောက်ခဲ့ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video