၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့ နံနက် (၀၄း ၁၀) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဧကရာဇ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မကွေး-ပြည် ကားလမ်း မိုင်တိုင်အမှတ်၊ ၂၃၁ နှင့် ၂၃၂/၁ အကြားတွင် သုံးဘီးဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ တောင်တွင်းကြီးမြို့မှ အောင်လံမြို့သို့ အောင်လံမြို့နယ်၊ တောင်ခွေကျေးရွာနေ ချစ်ဦး (၃၇)နှစ်မောင်းနှင်သော ယာဉ်အမှတ်၊၆ဟ/xxx၊ JIAFA အနီရောင်သုံးဘီးဆိုင်ကယ်သည် ဂွေးချိုရွာ မှ အောင်လံမြို့နယ်၊ ဇောင်းလျားချဉ်ရွာသို့ လမ်းကြုံလိုက်ပါလာသူ ဇောင်းလျားချဉ် ကျေးရွာသား များဖြစ်သည့် ကျော်ဌေး(၄ဝ)နှစ်နှင့် သိန်းလှိုင် (၂၇)နှစ်တို့အား တင်ဆောင်၍ မောင်းနှင်လာစဉ် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး ကျော်ဌေးတွင် ယာခြေသလုံးရိုးကျိုး အသား ဖောက်ထွက်၊ ဝဲတံတောင် ဆစ်ပွန်းပဲ့၊ အပေါ်/အောက်နှုတ်ခမ်းဖူးရောင်၊ ဝဲ/ယာဒူးပွန်းပဲ့ဒဏ်ရာများ (မစိုးရိမ်ရ)နှင့် သိန်းလှိုင်တွင် ယာတံတောင်ပွန်းခြစ်၊ ယာတင်ပါးနာကျင်ဒဏ်ရာများ(မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရှိရသည်။

သုံးဘီးဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ ချစ်ဦး(၃၇)နှစ်အား ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် နယ်မြေ ရဲစခန်း ယာဉ်(ပ)၁/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈/၃၃၇ အရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment