Wednesday, January 7, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့ ည ၁၀ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲကျေးရွာနှင့် ညောင်မှော်ကျေးရွာကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်အား စစ်ဆေးခဲ့ရာ တပ်ဖွဲ့ဝင်များသည် တောင်တွင်းကြီးမြို့နယ်၊ တိုက်ပွဲကျေးရွာနှင့် ၊ ညောင်မှော်ကျေးရွာကြား  ကားလမ်းမိုင်တိုင်အမှတ် ၄/ဝ နှင့် ၄/၁ အကြားတွင် တောင်တွင်းကြီး မြို့နယ်၊ ပြွန်ဝကြီးကျေးရွာနေ ကျော်ဇင်ဦး(၂၅)နှစ် မောင်းနှင်ပြီး နောက်မှ တောင်တွင်းကြီးမြို့နယ်၊ ပျိုးခင်းကျေးရွာနေ လင်းလင်း(၂၂) နှစ်လိုက်ပါလာသည့် ယာဉ်အမှတ်၊ ၃၅ယ/xxxx၊ ကိုင်ဇာ ၁၂၅ အနက်ရောင်ဆိုင်ကယ်သည် ညောင်မှော်ရွာမှ တိုက်ပွဲရွာသို့မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး လင်းလင်းတွင် ဝဲနားထင်ပေါက်ပြဲ၊ ဝဲမျက်ခုံးပေါက်ပြဲ၊ နဖူးထိပ် ပေါက်ပြဲဒဏ်ရာများ (စိုးရိမ်ရ)နှင့် ကျော်ဇင်ဦးတွင် ယာရင်ဘတ်အရှည် (၄)လက်မခန့် နှင့်အနက်(၃)လက်မခန့်ရှိ စုတ်ပြဲ ဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာများရရှိပြီး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

 ဆိုင်ကယ်အားမဆင်မခြင် မောင်းနှင်သူ ကျော်ဇင်ဦး (၂၅)နှစ်အား တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုကုန်း နယ်မြေရဲစခန်း ယာဉ် (ပ)၁/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၈ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video