၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ နေ့လည် (၁၂း ၀၅) အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာမှ ဆူးဝင်းကျေးရွာသွား ဒန့်နင်ပင်သဲချောင်းတွင် မူးယစ်ဆေးဝါး သတင်းအရ သွားရောက်စောင့်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ထိုသို့စောင့်ဆိုင်းနေစဉ် မြိုင်မြို့နယ်၊ ကျော်ရွာဘက်မှဆူးဝင်းကျေးရွာ ရေနံမှော်ဘက်သို့ ကျော် ကျေးရွာနေ တင့်ဆွေ (၅၅)နှစ်ရှေ့မှ မောင်းနှင်ပြီး နောက်မှဇနီးဖြစ်သူ ဒေါ်မာမာအေး (၄၁)နှစ် လိုက်ပါစီးနင်းလာသော မက/xxxx ကန်ဘို ၁၂၅ ဖြူ/နက်ကြားဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဒေါ်မာမာအေး ဆောင်းလာသော ခဲရောင်ဦးထုပ်အတွင်းမှ ဘိန်းဖြူဟုယူဆရသည့် အဝါနုရောင် အမှုန့်များ (အလေးချိန် ဝ.၅၄ ဂရမ်) တန်ဘိုး ၂၅ဝဝဝိ/-ပါ အဖုံးအနီရောင်ပိတ်လျှက် ပနယ်ဆလင် ပုလင်း ၁ ပုလင်းအား တွေ့ရှိရသည်။

ဘိန်းဖြူဟုယူဆရသည့် အဝါနုရောင်အမှုန့်များ သယ်ဆောင် လာသူ တင့်ဆွေနှင့်မာမာအေးတို့ ၂ ဦးအား မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်း မယ(ပ)၁/၂ဝ၁၅၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါး များဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
0 comments:
Post a Comment