၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ၊ အောင်းတောင်ကျေးရွာတွင် တရားမ၀င် ပယင်းကျောက်တူးဖော်နေမှုများနှင့်ပတ်သက်၍ စုံစမ်း ဖော်ထုတ်ဖမ်းဆီးရန် ရောက်ရှိနေသည့် ပခုက္ကူခရိုင်၊ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ ပခုက္ကူ ခရိုင်ထွေ/အုပ်မှဝန်ထမ်းများ၊ ရေနံချောင်းနှင့်ထီးလင်းမြို့နယ်တို့မှ သစ်တောဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောင်းတောင်ရွာမှ ကျားခဲကျေးရွာသို့ရောက်ရှိခဲ့ပြီး ကျေးရွာသူ/သား ၉၀ ဦးခန့် အား ဥပဒေအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် ကျားခဲကျေးရွာအနောက်တောင်ဘက်တွင် ပယင်းကျောက်များ တူးဖော်မှုပြု လုပ်နေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ တူးဖော်နေသူများအား မတွေ့ရှိဘဲ ကျင်းဟောင်း ၂၅ ကျင်း၊ တူးဖော်ဆဲကျင်း ၁၈ ကျင်းအား တွေ့ရှိခဲ့သည်။ ဆက်လက်၍ ထွက်ခွာခဲ့ရာ ညောင်ဟောင်းကျေးရွာနှင့် တင်းချောင်းကျေးရွာများသို့ ရောက်ရှိခဲ့ပြီး ကျေးရွာသူ/သားများအား ဥပဒေ အသိပညာပေးဟောပြောခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပူးပေါင်းအဖွဲ့သည် တင်းချောင်းကျေးရွာမှ ထွက်ခွာခဲ့ရာ ဘူးတောင်သစ်တောကြိုးဝိုင်းအကွက် အမှတ် (၇၃) သို့ ရောက်ရှိခဲ့ပြီး ပယင်းကျောက်တူးဖော်နေမှုများအား စုံစမ်းရှာဖွေခဲ့ရာ တူးဖော်နေ သူများအား မတွေ့ရှိဘဲ ကျင်းဟောင်း ၁၂ ကျင်း၊ တူးဖော်ဆဲကျင်း ၈ ကျင်းအား တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment