Saturday, January 10, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ တောင်ပြင်(၂)ရပ်ကွက်၊ ရုံးကြီးလမ်းအတိုင်း အရှေ့ဘက်မှ အနောက် ဘက်သို့ ပဲခူးမြို့နယ်၊ ဗိုလ်ရုံတန်းရွာသစ်ကျေးရွာနေ ကြည်စိုး(၃၁) နှစ် မောင်းနှင်လာသော Nissan Diesel CV 45N အမျိုးအစားယာဉ်မှ လမ်းဆုံအရောက် ဝဲဘက်သို့ချိုးကွေ့စဉ် ပြည်-တောင်တွင်းကြီး ကားလမ်း အတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ တောင်တွင်းကြီးမြို့နယ်၊ ငွေဘို ကျေးရွာနေ လွင်မိုး (၂ဝ)နှစ်မောင်းနှင်လာသော ၂၈ယ/xxx၊ ဇောင်ချမ်း-၁၂၅ ဆိုင်ကယ်နောက်တွင် တစ်ရွာတည်းနေ ချမ်းငြိမ်း (၂ဝ)နှစ် လိုက်ပါစီးနင်းလာသောဆိုင်ကယ်သည် ကား၏ နောက်ဘီးနှင့် တိုက်မိသဖြင့် လွင်မိုးတွင် နဖူး ဝဲဘက်(၄)လက်မခန့်ပေါက်ပြဲ၊ ဝဲဒူး (၃) လက်မခန့်ပေါက်ပြဲ (စိုးရိမ်ရ)နှင့် ချမ်းငြိမ်းတွင် ဝဲပါးဖူးရောင်၊ ယာဒူးပွန်းဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လွင်မိုးသည် ရရှိသောဒဏ်ရာများဖြင့် ဆေးရုံ အရောက်တွင် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။ 

 ယာဉ်အားမဆင်မခြင်မောင်းနှင်သူ ကြည်စိုး (၃၁)နှစ်အား တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၄/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video