၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွကျေးရွာနေ ဦးနိုင်လွင်(၄၈)နှစ်သည် ၄င်းပိုင် လူမနေသည့် အိမ် အတွင်းသို့ အမည်မသိလူနှစ်ဦး ဝင်ရောက်သွားကြောင်း ကုက္ကိုခွဈေးတာဝန်ခံ ဦးဝင်းမြင့်ဌေးမှ လာရောက် အကြောင်းကြား၍ ရဲတပ်ကြပ်ကြီး ကျော်ညွှန့်တို့နှင့်အတူ သွားရောက်ခဲ့ကြောင်း သိရှိရသည်။
၎င်း၏နေအိမ်ဝိုင်းအတွင်းမှ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး (၁)ရပ်ကွက်နေ တင်ကို(၂ဝ)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ဝင်းသိန်းဦး (၃ဝ)နှစ်တို့ (၂) ဦးထံမှ မော်တော်ကာလေးသံ (၂)ပေခန့် (၇) ချောင်း၊ အင်ဂျင်တာဘိုအဟောင်း(၂)ခု၊ အိတ်ဇောအဟောင်း(၁)ခု၊ စုစုပေါင်းတန်ဘိုး-၁၁၆ဝဝဝိ/-ခန့် အား ခိုးယူ လာသည်ကို တွေ့ရှိရပြီး ၄င်းပစ္စည်းများ သယ်ယူရန်စောင့်နေသူ ရွှေအိုး (၁)ရပ်ကွက်နေ မိုးဆွေ (၂၂) နှစ် အား ကားပစ္စည်းများနှင့်အတူ တွေ့ရှိရသည်။

ပစ္စည်းခိုးယူသူ တင်ကို၊ ဝင်းသိန်းဦး နှင့် မိုးဆွေတို့ ၃ ဦးအား အရေးယူပေးရန် ၉.၁.၂ဝ၁၅ ရက်နေ့တွင် ဦးနိုင်လွင်မှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၂/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈ဝ/၁၁၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment