မြို့သစ် ဇန်နဝါရီ ၁၉
မကွေးခရိုင် မြို့သစ်မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင် များ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကာ ကွက်သစ်အခြေခံပညာအထက်တန်းကျောင်းခွဲသို့
သွားရောက်ကာ ဝက်သက်ရောဂါနှင့်ဂျိုက်သိုးရောဂါကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်း လုပ်ငန်းများကိုဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်၉ နာရီ၃၀ အချိန်ကအဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်သည်။
ဆက်လက်၍ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ
ဆောင်ရွက်ရာတွင် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များကပါတက်တက်ကြွကြွ ကူညီမှုပေးလျက်ရှိသည်။ထိုနောက်ကျန်းမာရေးဦးစီဌာန
ဒေါက်တာကျော်မင်းအုပ်နှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌဒေါ်သင်းသင်းကြိုင်တို့က ကာကွယ်ဆေးထိုးပေးခြင်းနှင့်ပတ်သက်သောအကြောင်းအရာ များ ကာကွယ်ဆေးမထိုးမိ
လျှင် ဖြစ်စေတတ်သောရောဂါအကြောင်းသိကောင်းစရာများဟောပြော
ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဇော်ဇော်(မြို့သစ်)
Tuesday, January 20, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment