Sunday, January 4, 2015
4:39 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇန်န၀ါရီ ၎
မကွေးတိုင်းဒေသကြီး၊မကွေးမြို့ တိုင်းဒေသကြီးအားကစားကွင်းတွင် (၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက်(၄း၂၀)အချိန်က ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ပြုတပ်ဖွဲ့နှင့်အလံကိုင်တပ်ဖွဲ့တို့က စစ်ကြောင်းများဖြင့် ချီတက်ကာ နိုင်ငံတော်အလံကိုလွှင့်ထူစဉ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပြည်သူအပေါင်းတို့က နိုင်ငံတော်အလံအား အလေးပြု ကြပါသည်။
ဆက်လက်ပြီး နံနက်(၇း၀၀)နာရီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံမှပေးပို့သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ဖတ်ကြားပါသည်။
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မကွေးမြို့တွင် ပြေးပွဲပြိုင်ပွဲများ လွန်ဆွဲပွဲ မြန်မာ့ရိုးရာချောတိုင်တက်ပွဲနှင့် လက်ဝှေ့ပွဲများကိုပျော်ရွှင်စွာ ကျင်းပပြုလုပ်ပြီး ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment