Sunday, January 4, 2015
4:41 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး ဇန်န၀ါရီ ၎
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကကြီးမှူး၍ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်ဆုနှင့် ကလေးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကို မကွေးမြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေတက်ရောက် အမှာ စကားပြောကြားပါသည်။ယင်းနောက် ၀န်ကြီးချုပ်နှင့် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနာယက ဒေါ်စမ်းစမ်းမြင့်တို့က ကလေးပြိုင်ပွဲတွင် ဆုရရှိသည့်ကလေးများ စံပြမိခင်ဆုရ မိခင်များအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ပြီး ပြိုင်ပွဲတွင် မိခင်နှင့်ကလေးများအား ကျန်းမာရေးအကဲဖြတ်စစ်ဆေးပေးသော ဆရာဝန်များအား လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။
အဆိုပါ စံပြမိခင်ဆုနှင့် ကလေးပြိုင်ပွဲသို့ မကွေးမြို့ပေါ်နှင့် ကျေးရွာများမှ ကလေးငယ်နှင့် မိခင်(၁၆၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment