၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ လဆန်းပိုင်း ၂ဝဝဝ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ၊ ပေါက် မြို့နယ်၊ ညောင်ပင်သာကျေးရွာ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဏိဿရသည် သိမ်ကျောင်းတိုက်အတွင်းစားပွဲပေါ်တွင်ထားရှိသော ဝ၉-xxxx (ဆင်းကဒ်ပါ) CHONGHANG တံဆိပ်ပါ ဟန်းဆက်(၁)လုံး ပျောက်ဆုံးနေကြောင်း ဆရာ/ဒကာရင်းဖြစ်သည့် ပေါက်မြို့နယ်၊ ရွာသာအေးကျေးရွာနေ ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးထွန်းနိုင်ဦး(၄၂)နှစ်နှင့် ဇနီး ဖြစ်သူ မစန်းနွဲ့တို့ အား ပြောပြသိရှိရသည်။
၎င်းတို့မှ ပျောက်ဆုံးနေသော ဖုန်းအား ဆက်သွယ်ခေါ်ယူ သော်လည်းမရရှိဘဲ ဒီဇင်ဘာလဝက်ခန့် ည ၇ နာရီအချိန်တွင် ပျောက်ဆုံးနေသောဖုန်းဖြင့် အမည်မသိသူမှ ခေါ်ဆိုလာသဖြင့် ဇနီးဖြစ်သူ မစန်းနွဲ့မှ လက်ခံစကားပြောဆိုခဲ့ပြီး နောက်ရက်များတွင်လည်း အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုခဲ့ရာ ၁.၁.၂ဝ၁၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် နတ်ဦးယာဉ်ရွာအနီး ပေါက်-ပခုက္ကူ ကားလမ်းပေါ်တွင် ပျောက် ဆုံးနေသောဖုန်းအား ပေါက်မြို့နယ်၊ ရွှေလှံကျေးရွာနေ ကျော်ကျော်နိုင်(၃၂) နှစ်၏ခန္ဓာကိုယ် ပေါ်မှ တွေ့ရှိ ခဲ့သည်။

ဖုန်းခိုးယူသွားသူ ကျော်ကျော်နိုင်အား အရေးယူပေးရန် ၁.၁.၂ဝ၁၅ ရက်နေ့တွင် ဦးထွန်းနိုင်ဦးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်း (ပ)၄/၂ဝ၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈ဝ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment