မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၁၄ ခုနှစ်၊ဒီဇင်ဘာ အားကစားလ နောက်ဆုံပတ် လူထုစုပေါင်ုးလမ်းလျောက်ပွဲကို ယနေ့ နံနက်(၀၅း၃၀)နာရီက စုရပ်ဖြစ်သည့် ဗိုလ်ချုပ်အားကစားကွင်းရှေ့သတ်မှတ်နေရာမှ စတင်လမ်းလျောက်ခဲ့သည်။
အဆိုပါ လူထုလမ်းလျောက်ပွဲသို့ သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန်လှိုင် နှင့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊၀န်ထမ်းများ၊ဆရာ/ဆရာမနှင့် ကျောင်းသား ကျောင်းသူများ၊ရပ်ကွက် အုပ်ချုပ်ရေးမှူး များ၊ပြည်သူများ စုပေါင်းလမ်းလျောက်ကြရာမှာ ဗိုလ်ချုပ်လမ်းမှ လမ်းမတော်လမ်း၊လမ်းမတော်မှရေမှတ်တိုင်၊ရေမှတ်တိုင်မှရုံးကြီးလမ်း စုပေါင်းလမ်းလျောက်ကြပြီး မြို့မအားကစား ကွင်း အတွင်း စုပေါင်းပြီး ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)နှင့်(၂) တို့ကို တပျော်တပါး စုပေါင်းလေ့ ကျင့်ခဲ့ကြပြီး လမ်းလျှေက်ကြသူများအား ကံစမ်းမဲလက်မှတ်များ ပေဝေပြီး တီးဆက်၊ရေနွေးကျိုအိုး၊နာရီ၊စတီး ထမင်းချိုင့်၊အ၀တ်ထည့်ခြင်းများ၊ပန်ကာ၊ဒီဗီဒီစက်၊စလောင်းစသည့် ပစ္စည်းမျိုး(၄၈)မျိုးဖြင့် မဲဖောက်ဆောက်ရွက် ပေးခဲံသည်။ ယင်းနောက် အားကစားထူးချွန်သူများအားဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment