Sunday, December 28, 2014

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့ ည (၀၇း ၀၀) အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးအောင်ထွန်းနှင့် အဖွဲ့သည် မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းယု ပါ(၅)ဦး၊ မင်းတုန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သတင်းအရ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၂၁၀/၇ အနီးတွင် ပန်းတောင်းနယ်ဘက်မှ မင်းဘူးမြို့နယ်ဘက်သို့ မင်းလှမြို့နယ်၊ မလွန်ကျေးရွာနေသူ ယာဉ်မောင်း အုန်းကို (၅၀)နှစ်၊ (ဖ)ဦးစံထော် မောင်းနှင်လာသော ဆ/၆၅၇၅ တီအီးဟီးနိုး(၆)ဘီးယာဉ်အား ရပ်တန့်ရှာဖွေ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါယာဉ်ပေါ်တွင် တရားမ၀င် ကျွန်းစကွဲယား(၂၇)လုံး၊ (၂.၂၃၈)တန်၊ တန်ဖိုး ၅၅၉၅၀၀ိ/-ခန့်၊ ပျဉ်းကတိုးစကွဲယား(၃၀)လုံး (၃.၆၄၂)တန်ခန့်၊ တန်ဖိုး ၅၄၃၆၀၀ိ/-ခန့်၊ စုစုပေါင်းတန်ဖိုး ၁၁၀၃၁၀၀ိ/ ခန့် တွေ့ရှိခဲ့သဖြင့် တရားမ၀င်ကျွန်းနှင့် သစ်ခွဲသားများ သယ်ဆောင်လာသူ ယာဉ်မောင်း အုန်းကိုနှင့် မင်းတုန်းမြို့နယ်၊ ကြို့ဝရွာနေသူ ယာဉ်နောက်လိုက် ၀င်းနိုင်၊ ၂၇နှစ်၊ (ဖ)ဦးရေ တို့အား အရေးယူပေးပါရန် ၂၃.၁၂.၂၀၁၄ ရက်နေ့တွင် ဦးအောင်ထွန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် မင်းတုန်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၂/၂၀၁၄၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

အလားတူ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ (၁၁း၄၀) နာရီအချိန်တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်ဘက်မှ ညောင်ဦးမြို့နယ်ဘက်သို့ မြို့ရှောင်လမ်း အတိုင်း ကျွန်းခွဲသားများ တင်ဆောင်လာသော လိုက်ထရပ်ယာဉ်တစ်စီးတွေ့ရှိကြောင်းသတင်းအရ သက်သေ များနှင့်အတူ လိုက်လံရှာဖွေခဲ့ရာ မြကန်သာလမ်းဆုံမရောက်မီ (၁)ဖာလုံခန့်တွင် တွေ့ရှိ သဖြင့် ရပ်တန့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါယာဉ်မှာ YGN 8H/6404 လိုက်ထရပ် အဖြူရောင်ယာဉ်ဖြစ်ပြီး မြိုင်မြို့၊ မြို့နယ်တိမွေးကု ရုံးဝန်းနေသူ ယာဉ်မောင်း ကိုလင်း(ခ)လင်းထူး၊ (၃၀)နှစ်၊ (ဖ)ဦးလှထူး မောင်းနှင်ကာ ယာဉ်နောက်လိုက် အဖြစ် မြိုင်မြို့နယ်၊ ကန်ရိုးကြီးရွာနေသူ သက်ပိုင်ဦး၊ (၁၉)နှစ်၊ (ဖ)ဦးသန်းဇော် လိုက်ပါလာလျက် ယာဉ်ပေါ်တွင် မိုးကာဖြင့်အုပ်ထားသော တရားမ၀င် ကျွန်းခွဲသား ဆိုဒ်စုံ(၁၃၃) ချောင်း (၁.၀၈၅၄)တန်၊ ကာလတန်ဖိုး ၂၇၁၃၅၀ိ/- အား တွေ့ရှိရသဖြင့် တရားမ၀င် သစ်များ သယ်ဆောင်လာသူ ကိုလင်းနှင့်သက်ပိုင်ဦးတို့အား ပခုက္ကူမြို့နယ်၊ မြို့မရဲစခန်း (ပ)၄၁၃/၂၀၁၄၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရေးဥပဒေပုဒ်မ ၆(၁) အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video