Wednesday, November 26, 2014

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ အုတ်ဖို-ကမ်း-ပုထိုး မြေသားလမ်းဖောက်လုပ်သည့် နေရာ တွင် မြေသယ်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်းအရ ရေနံ့သာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်အား စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာနေ အောင်ကိုကို (၂၈)နှစ် မောင်းနှင် လာသည့် 7G/xxx F0RLAND အပြာရောင် (၆)ဘီး မြေသယ်ယာဉ်သည် (၀/၆) မိုင် အနီးတွင် မြေချရန် ၊ တောင်မှမြောက်သို့ ဆုတ်မောင်းနေစဉ် လမ်းဘေးသို့တိမ်းချော်ပြီး တိမ်းမှောက်ခဲ့ကြောင်း သိရှိရသဖြင့် ယာဉ်အားမဆင်မခြင်မောင်းနှင်သူ အောင်ကိုကို (၂၈)နှစ်အား ကံမမြို့နယ်၊ မြို့မရဲစခန်း ယာဉ်(ပ) ၁၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိ ပါသည်။




0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video