မကွေး နိုဝင်ဘာ ၂၅
မကွေးမြို့ ကန်သာရပ် အောင်မြေရတနာစာသင်တိုက်အနီး ယခင်က အခွန်လွတ်ဈေးအဖြစ် ရောင်းဝယ်ခွင့်ပြုထားသည့် ဈေးအားဘုန်းတော်ကြီးကျောင်းနှင့်အနီးပတ်ဝန်းကျင်နေအိမ်များ၏ တောင်းဆို စာအရလည်းကောင်း ၊ကန်သာရေကန်၏ ညစ်နွမ်းမှုမဖြစ်စေရန်လည်းကောင်း မကွေးမြိုက သိင်္ဂါဂီရိရပ်ကွက် မင်္ဂလာဈေးအရှေ့ဘက်ခြမ်းတွင် ပြောင်းရွှေ့ ရောင်းဝယ်ခွင့်ပြုထားကြောင်း သိရပါသည်။
အခွန်လွတ်ဈေးဆိုသည်မှာ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ် ရောင်းဝယ်သူများ အစဉ်ပြေစွာရောင်းဝယ် ခြင်းဖြင့် အခွန်အခအတွက် ကုန်ဈေးနုန်းမြင့်တက်ခြင်းမရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခွင့်ပြုသောဈေးဖြစ် သဖြင့် မြို့နယ်အတွင်း သင့်တော်သည့်နေရာတွင်ပြောင်းရွေ့ပေးခြင်းဖြစ်ကြောင်း စည်ပင်သာယာရေး ဦးစီး အရာရှိတစ်ဦးကပြောပြပါသည်။
အခွန်လွတ်ဈေးပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍ ဈေးသူဈေးသားအများစုက နားလည်လက်ခံပြီး ပြောင်းရွှေ့ရောင်းချနေကြသော်လည်း အချို့ဈေးသူဈေးသားများက မပြောင်းရွှေ့လို၍ အကြောင်းပြချက် အမျိုးမျိုးပြကာ တောင်းဆိုမှုများပြုလုပ်ရာမှ ပြောင်းရွှေ့ရောင်းချနေသော ဈေးသည်များကဲ့သို့ နေရာမရသဖြင့် ပြောင်းရွှေ့ခြင်းမပြု၊ဆက်လက်ရောင်းချမှုမျာပြုလုပ်နေသောကြောင့် စည်ပင်သာယာရေး အဖွဲ့မှ ဥပဒေနှင့်အညီ ဆောင်ရွက်ထာကြောင်း သိရသည်။
ယခုအခါ အခွန်လွတ်ဈေးဟောင်းနေရာမှ မင်္ဂလာဈေးအရှေ့ဘက် အခွန်လွတ်ဈေးနေရာသစ်သို့ ပြောင်းရွှေ့ရောင်းချနေသဖြင့် ဈေးသူဈေးသားမျာနှင့်ရပ်ကွက်နေပြည်သူများမှာ အဆင်ပြေလျက်ရှိပြီး ဈေးသူဈေးသာများ၏တင်ပြချက်အရ မနက်စောစောမှောင်နေချိန် အလင်းရောင်ရရှိရေး လျပ်စစ်မီးထွန်း ပေးရန် စီစဉ်လျက်ရှိကြောင်းသိရှိရပါသည်။
သန်းနိုင်ဦး(ငဖဲ)
Wednesday, November 26, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment