ပခုက္ကူ နိုဝင်ဘာ ၂၅
ပခုက္ကူမြို့ ရွှေကူကုန်တင်ကုန်ချ အလုပ်သမားများ အဖွဲ့အစည်းသည် နိုဝင်ဘာ ၁၉ ရက်နေ့က ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် လူအင်အား(၈၅)ဦးခန့် ၀၈း၅၅ နာရီအချိန်တွင် ဗိုလ်ချုပ်လမ်းရှိ ပခုက္ကူမြို့နယ် ပြည်တွင်းကုန်တင်ကုန်ချ ကော်မတီရုံးရှေ့သို့ရောက်ရှိလာပြီး ရွှေကူကုန်တင်ကုန်ချ အခြေခံ အလုပ်သမားအဖွဲ့အား ကုန်တင်ကုန်ချလုပ်ငန်းရရှိရေး၊ အခြေခံအလုပ်သမား(၂)ဖွဲ့ရှိသည့်အတွက် သီးခြား စီလုပ်ကိုင်ခွင့်ရရှိရေး ၊အလုပ်သမားများ လူမှုဖူလုံရေးဥပဒေနှင့် အညီခံစားခွင့်ရရှိရေး ၊ အလုပ်သမားရေးရာ ဖြေရှင်းမှုရေးဥပဒေနှင့်အညီ အလုပ်ရှင်မှ အလုပ်သမာရေးရာ ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းပေးရေး ၊ မကွေးတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ၊နည်းဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့များအား ကုန်တင်ကုန်ချလုပ်ငန်းအလုပ် လုပ်ကိုင်ခွင့်ရရှိရေး တို့ တောင်းဆိုချက်(၅)ချက်ဖြင့်ဆန္ဒဖော်ထုတ်ခဲ့ကြ ပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် ရွှေကူကုန်တင်ကုန်ချအဖွဲ့သည် ပခုက္ကူမြို့နယ် ပြည်တွင်း ကုန်တင်ကုန်ချ ကော်မတီရုံးရှေ့မှ နံနက် ၁၀း၃၀ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။ ဆန္ဒထုတ်ဖော်သည့်အချက်များအနက် အခြေခံအလုပ်သမား(၂)ဖွဲ့ရှိသည့်အတွက် သီးခြား စီလုပ်ကိုင်ခွင့် ရရှိရေးနှင့်စပ်လျဉ်း၍ (၁၈-၂-၂၀၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီးနှင့် ဌာနအကြီးအကဲများ ညှိနှိုင်း အစည်းအဝေး(၃/၂၀၁၃)ကြိမ် မြောက် အစည်းအဝေးတွင် ရွှေကူအခြေခံအလုပ်သမားအဖွဲ့အစည်းကို မြို့နယ်ပြည်တွင်းကုန်တင်ကုန်ချ လုပ်ငန်း လုပ်ကွက်အား လွှဲပြောင်းပေးခြင်းမပြုရန် ဆုံးဖြတ်ခဲ့ပါကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ကုန်တင်ကုန်ချလုပ်ငန်းဥပဒေ နည်းဥပဒေနှင့်အညီ အလုပ်သမားအဖွဲ့များ အား ကုန်တင်ကုန်ချလုပ်ငန်းအလုပ် လုပ်ကိုင်ခွင့်ရရှိရေးနှင့် စပ်လျဉ်း၍ ကုန်တင်ကုန်ချလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက်မှ တိုင်းဒေ သကြီး/ပြည်နယ်အစိုးရအဖွဲ့များ လက်အောက်သို့ လွှဲပြောင်းပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကုန်တင်ကုန်ချလုပ်ငန်း ဥပဒေ နည်းဥပဒေများရေးဆွဲလျက်ရှိရာ မကွေးတိုင်းဒေသကြီးအနေဖြင့် မကွေးတိုင်းဒေသကြီးကုန်တင်ကုန်ချ လုပ်ငန်းဥပဒေ ပြဌာန်းပြီးဖြစ်၍ ကုန်တင်ကုန်ချလုပ်ငန်းနည်းဥပဒေ များ ရေးဆွဲတင်ပြထားဆဲဖြစ်ကြောင်း သိရသည်။
ကုန်တင်ကုန်ချလုပ်ငန်းဥပဒေ နည်းဥပဒေများ အတည်ပြုပြီး အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ကုန်တင်ကုန်ချလုပ်ငန်း လွှဲပြောင်းပြီးမှသာလျင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ပြဌာန်းထားသော ကုန်တင်ကုန်ချလုပ်ငန်းဥပဒေ နည်းဥပဒေများအတိုင်း ဆောင်ရွက်ကြရန်ဖြစ်သည်။အလုပ်သမားများလူမှု ဖူလုံရေးဥပဒေနှင့်အညီခံစားခွင့်ရရှိရေး၊အလုပ်သမားရေးရာ ဖြေရှင်းမှုဥပဒေနှင့်အညီအလုပ်ရှင်မှအလုပ်သ မားရေးရာ ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပေးရေးအချက်များအား သက်ဆိုင်ရာဌာနများမှ ဆောင်ရွက်ရန်ဖြစ် ပါကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
Wednesday, November 26, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment