ကံမ နိုဝင်ဘာ ၁၉
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀တိုးတက်ရေးတွင် လျှပ်စစ်မီးရရှိရေးသည် အဓိက
ဖြစ်သည့်အလျှောက် နိုင်ငံတော်မှစီမံချက်များချမှတ်၍အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ကံမမြို့နယ်ဖရုံလှကျေးရွာတွင် နိုဝင်ဘာ၁၉ရက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
နေရောင်ခြည်စွမ်းအင်သုံးဆိုလာမီးများကို အိမ်တိုင်ရာရောက် အခမဲ့တပ်ဆင်ပေးခဲ့သည်။ အဆိုပါကျေးရွာသည် မြေပြန့်ချင်းတိုင်းရင်းသားများ အများစုနေထိုင်သည့် ကျေးရွာတစ်ရွာဖြစ်ပြီး တစ်အိမ်လျှင် နှစ်သိန်းကျပ်ခန့်တန်ဖိုးရှိသည့် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများကို စုစုပေါင်း ၁၄၃ အိမ်အတွက် နိုင်ငံတော်အစိုးရမှ ငွေကျပ် ၂၈၆ သိန်း အကုန်အကျခံတပ်ဆင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ကျော်ဇေယျဝင်း
Wednesday, November 19, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment