Wednesday, November 19, 2014

ဆိပ်ဖြူ နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌(၁၆-၁၁-၂၀၁၄) ရက်မှ (၁၈-၁၁-၂၀၁၄)ရက်နေ့အထိ အခြေခံ အဆင့်ရှေးဦးသူနာပြုစုခြင်း(ရက်တို) အမှတ် စဉ် (၂/၂၀၁၄) ဖွင့်လှစ်သင်ကြားပို့ချသည်။
သင်တန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာကျော်ကျော် မြို့နယ်အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ
 ဒေါ်အေးသန္တာခိုင် တို့ကဖွင့်လှစ်ပေးကြပြီး မြို့နယ်ကြက်ခြေနီအသင်း ဒုတိယတပ်ရင်းမှူး
ဦးမောင်မောင်ဝင်း ဦးဆောင်သောအဖွဲ့ တို့မှ သင်တန်းနည်းပြ(၅)ဦးဖြင့် သင်တန်းသူ (၅၀)ဦးတို့အား လက်တွေ့/စာတွေ့ အခြေခံ အဆင့် ရှေးဦးသူနာပြုစုခြင်းများကို (၃)ရက် တိတိ သင်ကြားပို့ချပေးကြောင်း သတင်းရရှိ သည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video