စလင်း အောက်တိုဘာ ၇
စလင်းမြို့နယ် တညောင်ကျေးရွာ (အလယ်ရပ်)နေ ဒေါ်စမ်းကြိုင်နှင့် ချောက်မြို့နယ် ကုန်းကြီးကျေးရွာ နေ ဦးတင်စိုးတို့သည် စလင်းမြို့နယ် တညောင်ရွာနေ ကိုစန်းမောင်ဝင်းပါ(၄)ဦးအား တစ်ဦးလျှင် (၁၁)သိန်း(၄)သောင်းဖြင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်ရန်အတွက် ပို့ဆောင်ပေးခဲ့သည်။ မလေးရှား နိုင်ငံတွင် ရက်(၂၀)ကျော်ခန့်နေထိုင်ခဲ့ပြီး နေရပ်သို့ပြန်လာခဲ့သည့် ကိုစန်းမောင်ဝင်းမှ ပြည်ပအလုပ် အကိုင်ဆိုင်ရာအေဂျင်စီလိုင်စင်မရှိဘဲ နိုင်ငံခြားသို့ပို့ဆောင်ပေးခဲ့သော ဦးတင်စိုးနှင့် ဒေါ်စန်းကြိုင်တို့အား အရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် ၄င်းတို့(၂)ဦးအား စလင်းမြို့နယ် ရဲစခန်းတွင် ပြည်ပအလုပ်အကိုင်ရှာဖွေ ရေး ဥပဒေ၊ နည်းဥပဒေ ပုဒ်မ-၂၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
နိုင်ငံခြားသို့ အလုပ်လုပ်သွားလုပ်မယ့်သူတွေအနေနဲ့ လိုင်စင်မရှိတဲ့ အေဂျင်စီများရဲ့ အလိမ်မခံရ အောင် သတိပြုဆင်ခြင်သင့်ကြောင်း ဒေသခံပြည်သူတစ်ဦးကပြောကြားပါသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment