Wednesday, October 8, 2014



မကွေး   အောက်တိုဘာ    ၈
    မကွေးမြို့၏ သမိုင်းဝင်စေတီတော်ဖြစ်သည့် မြသလွန်စေတီတော်မြတ်ကြီး၏(၂၅၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင်သစ်သီးဆွမ်းနှင့် ပန်း ၉၀၀၀ ကပ်လှူပွဲကို ယနေ့နံနက်(၅း၀၀)နာရီအချိန်က ပြုလုပ်သည်။
    အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးနှင့် ၀န်ကြီးများ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ဆက်ကပ်လှူဒါန်းပါသည်။ ယနေ့ ညပိုင်းတွင် ဆီမီး(၉၀၀၀)နှင့် နံသာ(၉၀၀၀)ကိုဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။ သမိုင်းဝင် မြသလွန်စေတီတော်ကြီး သီတင်းကျွတ်လပြည့်အခါသမယတွင် ဆီမီး(၉၀၀၀) ပန်း(၉၀၀၀)၊ နံသာ (၉၀၀၀) ပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ပြီး ဘုရားပွဲတော်အဖြစ် သီတင်းကျွတ် လဆန်း(၁၀)ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော်(၁၄) ရက်နေ့ထိကျင်းပမည်ဖြစ်ပါသည်။ ယခုနှစ်တွင် မြသလွန် စေတီတော်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူနေချိန်နှင့် တိုက်ဆိုင်နေပါသဖြင့် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ အတွက် ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါကြောင်းရေးသားလိုက်ရပါသည်။
ခင်မာလာ(မကွေး)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video