Thursday, September 5, 2019


၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နေ့လည် ၁ နာရီခွဲမှ ၃ နာရီခွဲခန့်ထိ တောင်တွင်းကြီး မြို့နယ်၊ ပရပ်ကြယ်ရဲကင်းစခန်းမှ ဒုရဲအုပ် အောင်မြင့်မြတ် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် လက်တက်အုပ်စု၊ ဂွေးတောက်ခုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း အစည်းအဝေးခန်းမ တွင် ရွာခွဲတာဝန်ခံ ဦးပျံလွှားနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာသူ/ကျေးရွာ သားများ၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်လင်းအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။





၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ ရေနံချောင်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး အောင်လွင်ဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ဘူးကျွန်းကျေးရွာအုပ်စု၊ ဘူးကျွန်းအရှေ့ရွာရှိ ဘူးကျွန်းဓမ္မာရုံတွင် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်း လျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများနှင့် ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါသည်။



၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီခွဲမှ ၁၀ နာရီခွဲခန့်ထိ ဂန့်ဂေါမြို့နယ်၊ ကန် နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ကျော်ဝင်း၊ ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချမ်းမြအေးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည်  ကန်ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း ခန်းမတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်းလျော့နည်း ကျဆင်းရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်း ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိ ပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲခန့်ထိ ပခုက္ကူမြို့နယ်၊ မြစ်ခြေနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးမင်း ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ညောင်လှ ကျေးရွာအုပ်စု၊ ညောင်နီပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းအေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။




၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၄  ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီခွဲခန့်အထိ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဥာဏ်ဝင်း ဦးဆောင်သော ပခုက္ကူခရိုင်ရုံး၊ ပခုက္ကူလုံခြုံရေးတပ်ခွဲ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်ရဲတပ်ဖွဲများမှ တပ်ဖွဲ့ဝင် အရာရှိ၊ အခြားအဆင့် စုစုပေါင်း အင်အား(၁၀၃)ဦးတို့သည် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ပြည်သူ့ဆေးရုံကြီးသွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့ပြီး ပခုက္ကူပြည်သူ့ဆေးရုံအုပ် ဒေါက်တာ တင်ထွန်းဇော်၊ သွေးလှူဘဏ်တာဝန်ခံ ဒေါက်တာ စိုးမြတ်နွယ်တို့က လက်ခံဆောင်ရွက်ပေးခဲ့ကာ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား အာဟာရ ဒါနအဖြစ် SHARK အချိုရည်၊ ရေသန့်ဗူး၊ ကြက်ဥ၊ ငှက်ပျောသီး တို့ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။ 
နံနက် ၈ နာရီမှ ၉ နာရီခွဲအချိန်ခန့်အထိ ရေစကြိုမြို့နယ်၊ ပခန်းကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် စိုးလွင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပခန်းကြီးစည်သူရှင်ဘုရား ရင်ပြင်တော်နှင့် ဘေးပတ်ဝန်းကျင်တို့တွင် စုပေါင်း သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။






Sunday, September 1, 2019

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီမှ ၁၂ နာရီခန့်ထိ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် မီးသတ်ဦးစီးမှူး ဦးစိန်ထွန်းပါ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်အတူ ဇရပ်ကြီးကျေးရွာ၊ မင်းဘူး-စကုကားလမ်း၊ ကြားစစ်စလီချောင်းတံတားတွင် ချောင်းရေ များ ကားလမ်းမပေါ်သို့ ရေကျော်နေသဖြင့် ခရီးသွားပြည်သူများ ဖြန်သန်းသွားလာနိုင်ရေး အတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နံနက် ၁၀ နာရီမှ ၁၂ နာရီခန့်ထိ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ကျော်ဦး ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကျွဲတဲကျေးရွာ၊ နွားကူးချောင်းတံတားအနီး မင်းဘူး-စကု ကားလမ်းမပေါ်သို့ ရေများကျော်နေသဖြင့် ခရီးသွားပြည်သူများ ဖြန်သန်းသွားလာနိုင်ရေးအတွက် ပြည်သူ့အကျိုးပြုလုပ် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။






Find Us on Facebook

Popular Posts

Video