၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင်
မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ငြိမ်း နှင့်အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ
မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မကျီးချောင်းရပ်၊ မင်းဘူး-စကုကားလမ်းဘေး "အောင်သန်းဟိန်း"
ဆံပင်နှင့် ပလပ်စတစ်ပစ္စည်း၊ ဘက္ထရီအရောင်းဆိုင်အတွင်းသို့ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး၏
လောင်းကစား ဖမ်းဝရမ်းအမှတ် ၈/၂၀၁၉ ဖြင့် ၀င်ရောက်ရှာဖွေရာ ဆိုင်ရှင် မင်းဘူးမြို့၊
အမှတ်(၄)ရပ်ကွက်၊ မကျီးချောင်းရပ်နေ ကိုဦး(ခ)အောင်ကိုဦး၊ ၃၄ နှစ်အား နေအိမ်ဈေးဆိုင်မီးဖိုခန်းတွင်
ဆင်းကဒ်ပါ VIVO အပြာနုရောင် ဖုန်းအတွင်း Viber Message နှင့် SMS Message များဖြင့်
နှစ်လုံးထီဏန်းနှင့်ငွေတန်ဖိုးများ ရေးသားပေးပို့ရောင်းချထားသည့် မှတ်တမ်းများနှင့်
ကိုဦး(ခ)အောင်ကိုဦး ၀တ်ဆင်ထားသော ရှပ်အင်္ကျီ ၀ဲဘက်အိတ်ကပ်အတွင်းမှ နှစ်လုံးထီလောင်းကစားရာမှ
ရရှိငွေ ၉၉၃၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ကိုဦး(ခ)အောင်ကိုဦးအား မင်းဘူးမြို့မရဲစခန်း (ပ) ၁၆၃၅/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ
၁၇(က) ဖြင့် အရေးယူဆောင်ရွက်ထားရှိပါသည်။
Friday, August 9, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment