၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက်
၉ နာရီမှ ၁၁ နာရီခွဲခန့်ထိ ဆောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်ငြိမ်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
ဆောမြို့၊ ဇေယျာရပ်ကွက်ရှိ ဦးဘိုးလှိုင်ခန်းမ တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊
ဌာနဆိုင်ရာဝန်ထမ်းများအား မှုခင်းလျော့နည်း ကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊
လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်ကမ်း အသိပညာပေး ဟောပြောခြင်းများ
ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ နံနက်
၁၀ နာရီမှ ၁၁ နာရီခန့်ထိ ထီလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး လှထူး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
ထန်းပင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံမင်းနှင့်
ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းအသိပညာပေး ဟောပြောခြင်း၊ မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊
လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
နေ့လည် ၁၂ နာရီမှ ၁ နာရီခန့်ထိ ထီးလင်းမြို့နယ်၊
ကျင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ထန်းမနား ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ဆင်ထိုးကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်
ကျေးရွာအုပ်ချုပ် ရေးမှူး ဦးဘိုလေးနှင့် ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းအသိပညာပေးဟောပြောခြင်း၊
မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/
လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။




0 comments:
Post a Comment