၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီခွဲခန့်ထိ
သရက်မြို့နယ်၊ ဆင်ကော် နယ်မြေရဲစခန်းမှူး ရဲအုပ် ကျော်ကျော်နိုင် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
မြို့လှကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား
မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်
တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/လမ်း စည်းကမ်း
အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
နေ့လည် ၂ နာရီမှ ၃ နာရီခွဲခန့်ထိ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူး မြင့်မောင် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ပန်းပင်ကုန်းကျေးရွာဓမ္မာရုံတွင် ကျေးရွာသူ/ကျေးရွာသားများအား
မှုခင်း လျော့နည်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်
တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း/ လမ်း စည်းကမ်း
အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment