၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ ည ၁၂ နာရီခွဲခန့်တွင်
ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ ပခုက္ကူမြို့၊
အမှတ်(၁)ရပ်ကွက်၊ မြို့ဦး ကျောင်းဝန်း ဘုရားပွဲလုံခြုံရေး တာဝန်ဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊
အမှတ်(၈)ရပ်ကွက်နေ ဇေယျာထူး၊ ၁၉ နှစ်သည် အရိုး/အသွား(၁၀)လက်မခန့်ရှိ သစ်သားရိုးတပ်
ဓါးဦးချွန်ဓါးမြှောင် (၁)ချောင်းအားလည်းကောင်း၊ ပခုက္ကူမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ နိုင်လင်းထက်၊
၂၂ နှစ်သည် အရိုး/အသွား(၂)ပေခန့်ရှိ တိပ်အနက်ပတ်လျက် ၀ါးရိုးတပ်ဓါးဦးချွန် ကင်ဒိုဓါး(၁)ချောင်းအား
လည်းကောင်း ဘုရားပွဲအတွင်း ကိုင်ဆောင်ရမ်းကားနေသည်ကို တွေ့ရှိရ၍ ဇေယျာထူး အား ပခုက္ကူမြို့မရဲစခန်း (ပ)၃၅၃၁/၂၀၁၉၊
လက်နက်ဥပဒေပုဒ်မ ၁၉(င) အရလည်းကောင်း၊ နိုင်လင်းထက် အား ပခုက္ကူမြို့မရဲစခန်း (ပ)၃၅၃၂/၂၀၁၉၊
လက်နက်ဥပဒေပုဒ်မ ၁၉(င) အရ အရေးယူဆောင်ရွက်ထားရှိပါသည်။
Friday, August 23, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment