Friday, July 26, 2019

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉ နာရီမှ ၁၀ နာရီခွဲခန့်ထိ ဆိပ်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်း ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ဆိပ်ဖြူမြို့နယ်၊ မြင်က၀အုပ်စု၊ အောက်ဆိပ် ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာအေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ ဆိပ်ဖြူ မြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်းမှူး ရဲအုပ် သိန်းဇော် ဦးဆောင်သော တပ်ဖွဲ့ဝင်များသည် ကဇွန်းမ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန့်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသားသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ် မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း များ ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video