Tuesday, July 23, 2019

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နေ့လည် ၁ နာရီခွဲမှ ၂ နာရီခွဲခန့်ထိ မင်းလှမြို့နယ်၊ မြို့မ ရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင် ဦးစီးတပ်ဖွဲ့ဝင်များသည် မင်းလှမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာသူ/ကျေးရွာသား များအား သက်ငယ်မုဒိမ်းမှု လျော့နည်း ကျဆင်းရေး၊ မှုခင်းအသိပညာပေးဟောပြောခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာ ပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ နေ့လည် ၃ နာရီခွဲခန့်မှ ၄ နာရီခွဲခန့်ထိ မင်းလှမြို့နယ်၊ ပေတောကျေးရွာအုပ်စု၊ ပေတောကျေးရွာ၊ ရွာခွဲ တာဝန်ခံ ဦးမြင့်ရှိန်၏ နေအိမ်တွင် မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင်မှ ကျေးရွာသူ/ကျေးရွာသားများအား မှုခင်းအသိ ပညာပေး ဟောပြောခြင်းနှင့် မှုခင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မင်းလှမြို့နယ်၊ ရေနံမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းဦး ဦးစီးတပ်ဖွဲ့ဝင်များသည်လည်း နေ့လည် ၂ နာရီမှ ၃ နာရီခွဲခန့်ထိ မင်းလှမြို့နယ်၊ ကျောက်ထောင်ကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးမြင့်လွင်နှင့် ကျေးရွာသူ/ကျေးရွာသား များအား မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွား စေရေးနှင့် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။





0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video