Saturday, July 13, 2019

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် မကွေးခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ ဒုရဲအုပ် မျိုးတင့် နှင့်အဖွဲ့သည် မကွေးနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် စိုးမိုးအောင် တို့နှင့် ပူးပေါင်း၍ လောင်းကစားသတင်းအရ သက်သေများနှင့်အတူ စောင့်ဆိုင်းနေစဉ် ကားကြီးကွင်း အတွင်းသို့ လမ်းလျှောက်ဝင်လာသော မကွေးမြို့၊ ရန်မျိုးနိုင်ရပ်ကွက်နေ အောင်စိုးမင်း၊ ၃၃နှစ် အား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှစ်လုံးထီဂဏန်းများနှင့် ငွေတန်ဖိုးများရေးသားထားသော စာရွက်စာတမ်းများ၊ Oppo အဖြူရောင်ဖုန်း(၁)လုံး၊ Huawei အဖြူရောင်ဖုန်း (၁)လုံး၊ Xiuxianxilie တံဆိပ် မြင်းချေးရောင် လွယ်ကြိုးပါ အိတ်(၁)လုံးနှင့် Levis တံဆိပ်ပါ အနက်ရောင် ပိုက်ဆံအိတ်(၁)လုံး၊ လောင်းကြေးငွေစက္ကူရောရာ ၈၀၀၀၀ိ/- တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အောင်စိုးမိုး အား မကွေးမြို့နယ်၊ မကွေးနယ်မြေရဲစခန်း (ပ)၅၂၈/ ၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အမှုရေးဖွင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video