မကွေး၊
ဇူလိုင်လ ၃ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင်
မကွေးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးအောင် နှင့်အဖွဲ့သည် နယ်မြေသတင်းစုံစမ်နေစဉ်
ရန်မျိုးနိုင်ရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းလမ်းတွင် လူငယ်တစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ
မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ မကွေးမြို့နယ်၊ ကံပြားရှေ့ ကျေးရွာနေ ချစ်ကို၊
၁၉ နှစ်၊ ဖြစ်ကြောင်းသိရှိရပြီး ၎င်းနှင့်အတူ တွေ့ရှိရသော နံပါတ်မပါ KENBO 110 အစိမ်းရောင်
ဆိုင်ကယ်နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရာ ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံ တစ်ရာ
ပြောဆိုပြသနိုင်ခြင်းမရှိခဲ့၍ ချစ်ကိုအား မကွေးနယ်မြေရဲစခန်း (ပ)၅၂၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ
၃၈၀/ကျင့် ၅၄ အရ အရေးယူဆောင်ရွက်ကြောင်း သတင်းရရှိပါ သည်။Wednesday, July 3, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment