၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့
နံနက် ၈ နာရီခွဲမှ ၁၀ နာရီခန့်ထိ ပွင့်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့မ ရဲစခန်းမှူး
ဒုရဲမှူး အေးဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာ
အုပ်စု၊ လယ်မကျေးရွာ၊ ရွာလယ်ဓမ္မရုံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးသန်းထွန်းနိုင်၊ ရွာခွဲ တာဝန်ခံ ဦးကျော်ဌေးနှင့် ကျေးရွာသူ/ကျေးရွာသားများအား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း၊
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊
လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောခြင်း
များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
နေ့လည် ၂ နာရီမှ ၄ နာရီခန့်ထိတွင်လည်း မကွေးတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ ကုန်းဇောင်းနယ်မြေရဲစခန်းမှူး ရဲအုပ် ကြည်လင်းထင်
ဦးဆောင်သော တပ်ဖွဲ့ဝင် များသည် ပွင်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာအုပ်စု၊ ကုန်းဇောင်း
အခြေခံပညာအထက်တန်း ကျောင်း အစည်းအဝေးခန်းမတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများအား မှုခင်းလျော့နည်းကျဆင်းရေး၊
သက်ငယ်မုဒိမ်းမှု လျော့နည်းကျဆင်းရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများ
ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Monday, July 29, 2019
Subscribe to:
Post Comments (Atom)





0 comments:
Post a Comment