မကွေး၊
ဇူလိုင်လ ၁၂ ရက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၉ နာရီမှ ၁၁
နာရီထိ ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဖေ ဦးစီးသောတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့နယ်၊
အမှတ်(၈)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်ငွေနှင့်
ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်
မုဒိမ်းမှု မဖြစ်ပွားစေရေး၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ မှုခင်း
အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။Friday, July 12, 2019
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment