၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လည် ၂ နာရီမှ ၃
နာရီခွဲခန့်တွင် ပခုက္ကူမြို့မရဲစခန်းမှ ဒုရဲအုပ် ဝေလင်းဇော် ဦးဆောင်သောတပ်ဖွဲ့ဝင်များသည်
သက်သေများနှင့်အတူ သတင်းအရ ပခုက္ကူမြို့၊ အမှတ်(၂)ရပ်ကွက်နေ မစန်းစန်းအေး၊ ၅၀ နှစ်၏နေအိမ်အား
ပခုက္ကူမြို့နယ် ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်းအမှတ် (၇/၂၀၁၉)ဖြင့် ၀င်ရောက်ရှာဖွေရာ
မစန်းစန်းအေး အား နေအိမ်ရှေ့ခန်း၌ နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဘိုးများ ရေးသားထားသော
စာရွက်စာတမ်း များ၊ CITIZEN ဂဏန်းပေါင်းစက်(၁)လုံး၊ ကာတွန်းရုပ်ပုံ(၅)ခုပါ ပန်းရောင်မိန်းမကိုင်ပိုက်ဆံအိတ်
(၁)လုံး၊ ဘောလ်ပင်(၂)ချောင်း၊ Samsung J 7 Core အနက်ရောင်ဖုန်း(၁)လုံး၊ သစ်သားအံဆွဲ
(၁)ခု၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မစန်းစန်းအေးအား ပခုက္ကူ မြို့မရဲစခန်း (ပ)၂၉၈၀/၂၀၁၉၊
လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က) အရ အရေးယူ ဆောင်ရွက်ထားရှိပါသည်။
Tuesday, July 16, 2019
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment